ဝန်ဆောင်မှုများ

Myo Naing-Nine Group of Companies သည် မြန်မာနိုင်ငံရှိ သံ နှင့် သံမဏိဈေးကွက်အတွင်း ယှဉ်ပြိုင် မှုရှိသောစျေးနှုန်း၊ အရည်အသွေးမြင့်မားမှုနှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုတို့ဖြင့် Customer များ ထံမှ အသိအမှတ်ပြုခံထားရသော Company တစ်ခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင် မြို့နယ်အသီးသီး မှ လုပ်ငန်းရှင် Customer ကြီးများ မှ မိမိတို့၏ စိတ်တိုင်းကျ ကုန်ပစ္စည်းများအားမှာယူနိုင်ပြီး၊ နိုင်ငံတကာ မှ တင်သွင်းလာသော ကုန်ပစ္စည်းများကိုလည်း တာဝန်ယူမှုအပြည့်ဖြင့်ရောင်ချရာ အစိုးရ Project များမှ ယုံကြည်စွာ မှာယူသုံးစွဲလေရှိပါသည်။ မြန်မာနိုင်ငံရှိ သိုလှောင်ရုံအသီးသီးမှ ကုန်ပစ္စည်း တန်ချိန် ၁၅၀,၀၀၀ ကျော်ထားရှိ ဖြန့်ချီလျှက်ရှိပါသည်။ သယ်ယူပို့ဆောင်မှုအနေဖြင့် (24နာရီ/7ရက်) ဖြင့် ကျွမ်းကျင်သာ ဝန်ထမ်းများဖြင့် ထိရောက်မြန်ဆန်စွာ မြို့နယ်အသီးသီးကိုပို့ဆောင်ပေးလျှက်ရှိပါသည်။

Our Main Warehouse

Myo Naing-Nine Group သည် ရန်ကုန်နှင့် မန္တလေးမြို့များတွင် အဓိကသိုလှောင်ရုံးများထားရှိပြီး သိုလှောင်ရုံတစ်ခုခြင်းစီ သည် တန် ၁၀၀,၀၀၀ နှင့် သိုလှောင်နိုင်စွမ်းရှိပါသည်။ ၎င်းတို့ သိုလှောင်းရုံးများ ဖြင့် လုပ်ငန်းလုပ်ဆောင်မှုထိရောက်မှုရှိစေရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် မြို့နယ် အသီးသီးတွင် လည်း သိုလှောင်ရုံငယ်များထားရှိလုပ်ကိုင်လျှက်ရှိပါသည်။

Our Logistics

Myo Naing-Nine Group သည် Customer ဖောက်သည်များအားလုံးအတွက် အိမ်အရောက်ပို့ ဆောင်ပေးသော ဝန်ဆောင်မှုများစီစဉ်ထားရှိထားပါသည်။ မြန်မာနိုင်ငံအနှံ့ရှိ Project Customers ကြီး များအတွက်လည်း အထူးသီးသန့် Logistics ဖြင့် ပို့ဆောင်ပေးလျှက်ရှိပါသည်။ Customers များ၏ လိုအပ်ချက်ကို အချိန်နှင့်တစ်ပြေရှိ ဖြည့်ဆည်းနိုင်ရေးအတွက် 7 တန် မှ 40 တန် အထိ သယ်ယူနိုင်စွမ်း ရှိသော ၁၆ ပေ၊ ၁၄ ပေ အရွယ် မော်တော်ယာဉ် အစီး ၃၀ ကျော်နှင့် တွဲကား အစီး ၂၀ ကျော် တိုဖြင့် မြန်မာ နိုင်ငံအနှံ့ ရှိ ဖောက်သည်ဆိုင်များသို့ လစဉ် တန် ၂၀,၀၀၀ ကျော် ပမာဏကို အောင်မြင်စွာ ပို့ဆောင် ပေးလျက်ရှိပါသည်။