ကျွန်ုပ်တို့အကြောင်း

Myo Naing-Nine Group of Companies သည် ၂၀၀၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုအတွက် နှစ်ပေါင်း ၂၀ ကျော် ကဏ္ဍအသီးသီး မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစုကြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အရည်အသွေးမြင့်သော ဆောက်လုပ်ရေးပစ္စည်းများ — သံချောင်းလုံးများ ၊ ဘိလပ်မြေ၊ နှင့် corrugated သွပ်ပြားများ စသဖြင့် — ထုတ်လုပ် ရောင်းချရာတွင် အထူးသဖြင့် မြန်မာနိုင်ငံအနှံ့ရှိ စက်ရုံများ၊ ဂိုဒေါင်များနှင့် ဆောက်လုပ်ရေးစီမံကိန်းများသို့ ဖြန့်ဖြူးပေးလျက်ရှိပါသည်။

ဖြန့်ဖြူးမှုကွန်ရက်အဖြစ် မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် ဖောက်သည်ဆိုင် ၂,၅၀၀ ကျော်ကို ဖြန့်ချီရောင်းချလျက်ရှိပါသည်။ အဓိက ဖြန့်ချီရေး ဝန်ထမ်း ၁၀၀ ဦး နှင့် လုပ်ငန်းအသီးသီး လုပ်ကိုင်သော Professional ဝန်ထမ်းပေါင်း ၂၅၀ ကျော်ပါဝင်သော အဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ငန်းများအား လည်ပတ် လုပ်ဆောင်လျှက်ရှိပါသည်။

ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် ဗီယက်နမ်တို့မှ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသော အရည် အသွေးမြင့်ပစ္စည်းများကို တင်သွင်းကာ လက်လီ၊ လက်ကား နှင့် အစိုးရလုပ်ငန်း (B2C, B2B, B2G) များအတွက် ယုံကြည်စိတ်ချရသော စျေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချနေပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အရည်အသွေးမြင့်သော ပဲမျိုးမျိုးကိုလည်း နိုင်ငံတကာဈေးကွက်သို့ တင်ပို့လျက် ရှိပါသည်။

မြိုးနိုင်-နိုင်တွင် ကျတော်တို့သည် “ခိုင်မာသောအခြေခံအုပ်မြစ်မှ ‌အောင်မြင်မှုဆီသို့” ဟု သော ခံယူချက်နှင့် အတူဝန်ထမ်းပေါင်း ၂၅၀ ကျော်ပါဝင်သည့် ကျွမ်းကျင်သောအဖွဲ့အစည်းဖြင့် စုပေါင်း လုပ်ဆောင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် အရည်အသွေးမြင့်မားမှု တို့ကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါသည်။ ကျတော်တို့သည် ပိုမို အားကောင်းသောအဖွဲ့အစည်း၊ အရည်အချင်းသစ်များ၊ လုံခြုံစိတ်ချရမှု နှင့် Professional ဖြစ်မှုကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။

ဒေသတွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ ဖြင့် ပူးပေါင်းဆောင်ရွက်ပြီး မြင့်မားသော မျှော်မှန်းချက်များဖြင့် ကျတော်တို့သည် မြန်မာနိုင်ငံနှင့် တခြားဒေသများ ရည်ရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အတွက် ဝိုင်းဝန်းကူညီလျက်ရှိပါသည်။ ကျတော်တို့ ၏ အထူးကျွမ်းကျင်သော Deformed Bars နှင့် Wire Rod in Coil များတွင် အထူးပြုခြင်းဖြစ်ပြီး၊ တစ်နှစ်ကို မက်ထရစ်တန် ၃၀၀,၀၀၀ ခန့် သံမဏိထုတ်ကုန်များကို တင်သွင်း ဖြန့်ဖြူးလျက်ရှိပါသည်။

စဉ်ဆက်မပြတ်တိုးတက်နေသော မြန်မာနိုင်ငံ၏အခြေခံအဆောက်အအုံများအတွက် Myo Naing-Nine Group သည် အရည်အသွေးမြင့်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ကြိုးစားအားထုတ် လျှက်ရှိပါသည်။ ကျွန်ုပ်တို့ Myo Naing-Nine Group ကြီးသည် မြန်မာ့အနာဂတ်ကို ပိုမိုခိုင်မာအောင် တည်ဆောက်ရာမှာ ယုံကြည် စိတ်ချရသော မိတ်ဖက်လုပ်ငန်းစုအဖြစ် ခိုင်မှာစွာ ဆက်လက်တည်ရှိ နေမည်ဖြစ်ပါသည်။