ဥက္ကဋ္ဌထံမှ သဝဏ်လွှာ

မင်္ဂလာပါ
မိတ်ဟောင်း/မိတ်သစ် လုပ်ငန်ရှင်ကြီးများခင်ဗျာ…

၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကျတော်တို့ရဲ့ Myo Naing-Nine Group of Companies သည် နှစ်ပေါင်း ၂၃ နှစ်တိတိကြာအောင် စဉ်ဆက်မပြတ်တိုးတက်ပြီး ယုံကြည် အားကိုးရသည့် လုပ်ငန်းစုကြီး ခိုင်မာစွာရပ်တည်ခဲ့ပြီးဖြစ်ပါတယ်။ ကျတော်တို့ လုပ်ငန်းစုကြီး သည် မြန်မာ နိုင်ငံ၏ခိုင်မာသောအခြေခံအဆောက်အအုံနှင့်တိုးတက်လာသောဆောက်လုပ်ရေးဆိုင်ရာ နည်း ပညာများ အားကောင်းစွာသိရှိနားလည်သဘောပေါက်ပြီး ကျတော်တို့ လုပ်ငန်းစုကြီး မှတစ်ဆင့် ထိုသို့ လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်စေရန်အတွက် အရေးပါသော မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက် ခြင်း နှင့် တစ်ပြိုင်နက်တည်းမှာ မြန်မာနိုင်ငံ၏ အခြေခံအုပ်မြစ်ကိုခိုင်မာစေရန် အလုပ်အကိုင် အခွင့်အလမ်း အသစ်များ ကို ဖန်တီးပေးနေသော လုပ်ငန်းစုကြီးတစ်ခုပဲဖြစ်ပါတယ်…

ကျတော်တို့၏ ရည်မှန်းချက်ကတော့ “စဉ်ဆက်မပြတ်ခိုင်မာတဲ့အခြေခံအုပ်မြစ်” ကိုတည်ဆောက် နိုင်ဖို့ပဲဖြစ်ပ တယ်။ အဲ့ဒါကြောင့် ကျတော်တို့ရဲ လုပ်ငန်းစုကြီးအတွင်းမှာရှိတဲ့ ဌာနအားလုံးကို တိုးတက် အောင်မြင်စေရေး နဲ့ မြန်မာနိုင်ငံ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ရှေ့တန်းမှ ပံ့ပိုးပေးနိုင်သော အရည် အသွေးမြင့်ထုတ်ကုန်များစဉ်ဆက်မပျက်ဖြန့်ချီနိုင်ရေးကို တစ်ဖက်တစ်လှမ်းမှ ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။ သို့ရာတွင် ကျတော်တို့ လုပ်ငန်းစုတစ်ခုထဲနဲ့ မဖြစ်နိုင်ပါ… ကျတော်တို့၏ တန်ဖိုးထားရသော မိတ်ဖက် လုပ်ငန်းရှင် ကြီးများ၊ မြန်မာနိုင်ငံအနှံ့အပြားရှိ လက်လီလက်ကား ကုန်သည်ကြီးများ နှင့် ကျတော်တို့ရဲ့ ထူးချွန်သော ဝန်ထမ်းများအားလုံးပူးပေါင်းပါဝင်မှသာကျတော်တို့ရဲ လိုရာပန်းတိုင်ကို အရောက်သွားနိုင်မှာပဲဖြစ်ပါတယ်… အတူတကွလက်တွဲ၍ မြန်မာနိုင်ငံ၏ တိုးတက်ကောင်းမွန်သော အနာဂတ်ကို တည်ဆောက် ပြီး တစ်ဦးတစ်ယောက်ချင်းလည်း အောင်မြင်တဲ့အနာဂတ်ကိုတည်ဆောက် ကြရအောင်…

အတူတကွ ရင်းနှီးချစ်ခင်သော ဆက်ဆံရေးဖြင့် ချမ်းသာပျော်ရွှင်သော အနာဂါတ်ခရီးလမ်း ကို တူတူ လျောက်လမ်းကြမယ်…

လေးစားစွာဖြင့်
ဦးမျိုးမြင့်
ဥက္ကဌ နှင့် တည်ထောင်သူ