slide-02
previous arrow
next arrow

၂၀၀၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော Myo Naing-Nine Group သည် စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့် ၏ ဦးဆောင်မှုဖြင့် ယနေ့အချိန်တွင်အမျိုးမျိုးသောလုပ်ငန်းစုအဖြစ်လေးစားမှုရရှိပြီး တိုးတက် စွာတည်ရှိလာသောကုမ္ပဏီတစ်ခုဖြစ်ပါသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာသော အတွေ့အကြုံ များဖြင့် ကျွန်ုပ်တို့သည် ဆောက်လုပ်ရေးလုပ်ငန်းအတွင်း ခိုင်မာစွာအခြေချပြီး၊ အရည်အသွေးမြင့်သော ဆောက် လုပ်ရေးပစ္စည်းများထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကိုအထူးပြုလုပ်လျက်ရှိပါသည်။ ထိုပစ္စည်းများတွင် rebar များ၊ Wire Rod များ၊ H-beam / I-beam များ၊ သွပ်ပြား (GI / PPGI)၊ ဘိလပ်မြေ၊ နှင့် Smart board များ ပါဝင်ပါသည်။

Myo Naing-Nine Group of Companies အဖြစ် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ အလျင်အမြန်တိုးတက် လာသောဖွံ့ဖြိုး တက်လာမှုနှင့်အတူ ရေရှည်အခြေခံအဆောက်အအုံများနှင့် တည်ဆောက်ရေး လုပ်ငန်း များ၏အရေးပါမှုကို ကောင်းစွာသိရှိနာလည်ပါသည်။ အရည်အသွေးမြင့်မားခြင်း နှင့်အတူ နိုင်ငံတော် ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာပါဝင်ကူညီနိုင်ရေးအတွက် နိုင်ငံတကာ နှင့် ပြည်တွင်း မိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန် ဦးတည်စေပါသည်။ ဖိတ်ဖက် လုပ်ငန်းရှင်အားလည်း အစဉ်တန်ဖိုးထားမှုဖြင့် ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို စျေးကွက်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်လျှက်ရှိပါသည်။

WHY CHOOSE US

ပစ္စည်းအရည်အသွေး အတွက်အာမခံနိုင်မှု

အရည်အသွေးပိုင်မှာ ရေရှည်စိတ်ချလက်ချအသုံးခံနိုင်မှု အတွက် အာမခံပါသည်။

လက်ကားနှင့် လက်လီဖြန့်ဖြူးမှု

ဖောက်သည်တစ်ဦးချင်းစီတိုင်းအတွက် အထူးကောင်းမွန်းသော ဝန်ဆောင်မှုပေးနေပါသည်။

နိုင်ငံတစ်ဝှမ်း ဖြန့်ဖြူးမှု

မြန်မာနိုင်ငံအတွင် မည်သည့်နေရာမဆို အချိန်မှီပို့ဆောင်ပေးနိုင်ပါသည်။

အိမ်အရောက်ပို့ဆောင်မှု

သင့်လုပ်ငန်းနေရာသို့ အရောက် တိကျမြန်ဆန်စွာ ကုန်ပစ္စည်းများပေးပို့နိုင်ပါသည်။

Form-31 နှင့် MTC ပေးနိုင်ခြင်း

ဖောက်သည်ကြီးများရဲ့ လိုအပ်ချက်များအပေါ် မူတည်ပြီး ဖော်ပြပါစာရွက်စာတမ်းများပေးနိုင်ပါသည်။