Network Distribution/ Network Trading

Network Distribution

ပြည်တွင်း ဖြန့်ဖြူးရေးကွန်ယက်

ပြည်တွင်း ဖြန့်ဖြူးရေးကွန်ယက် ကို ကောင်းမွန်စွာတည်ဆောက်ထားပြီး မြန်မာနိုင်ငံတစ်လွှား မြန်ဆန် ထိရောက်စွာ ကုန်ပစ္စည်းများကို ပေးပို့လျှက်ရှိပါသည်။ အဓိကအားဖြင့်

 

  • Reach: ဖောက်သည်ဆိုင် ၂၆၀၀ ခန့်သို့ ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ လက်လီ-လက်ကား ဆိုင်အသေးဆုံးမှ အကြီးဆုံး တိုင်အောင် မြို့ကြီးများနှင့် အစွန်းအနှားဒေသများအထိ မြန်ဆန်ထိရောက်စွာ ကုန်ပစ္စည်း များအားပို့ဆောင်လျှက်ရှိပါသည်။
  • Geographic Coverage: ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့ကဲ့သို့ မြို့ကြီးများအပါအဝင် မြို့ နယ်ပေါင် ၃၀၀ ခန့်တွင် လုပ်ငန်းဆောင်ရွက်လျှာက်ရှိပြီး၊ မြို့နယ် ရပ်ရွာများအထိ တိုးချဲ့ကာ မြန်မာနိုင်ငံတစ်လွှား ဆောက်လုပ်ရေးပစ္စည်းများအား ဖြန့်ချီလျှက်ရှိပါသည်။
  • Logistics: သယ်ယူပို့ဆောင်ရေးကွန်ယက်နှင့် အနေဖြင့် မိတ်ဖက ပို့ဆောင်ရေးအဖွဲ့များ ပူးပေါင်းနှင့် ပူးပေါင်းပြီး ပိုမိုတိကျမြန်ဆန်စွာ ပစ္စည်းပေးပို့နိုင်ရန် ခေတ်မီသော Logistics ကို အသုံးပြုလုပ်ကိုင်လျှက်ရှိပါသည်။ ၄င်း ကွန်ယက်ကြောင့် ဝေလံသော တောတောင်ဒေသများထိ ကုန်ပစ္စည်းများကို ထောက်ပံ့ပေးပို့လျှက်ရှိပါသည်။
  • Partnerships: ဒေသတွင်းနှင့် နိုင်ငံတကာ Suppliers များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ပြီး အရည်အသွေးမြင့်၊ စျေးနှုန်းသင့်တင့်သော ပစ္စည်းများအား ဖြန့်ချီလျှက်ရှိပါသည်။ ထိုသို့ ပြည်တွင်းစျေးကွက်လိုအပ်ချက်ကို ကောင်းမွန်စွာသိရှိနာလည်ခြင်းဖြင့် စျေးကွက်ကို ဦးဆောင်လျှက်ရှိပါသည်။

Network Trading

Myo Naing-Nine Group of Companies သည် မြန်မာနိုင်ငံတွင် အရည်အသွေးမြင့်၊ နိုင်ငံတကာစံ ချိန်စံနှုန်းအတိုင်း ဆောက်လုပ်ရေးပစ္စည်းများကို တင်သွင်းဖြန့်ဖြူးပေးသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ကျွန်ုပ် တို့၏ ဖောက်သည်ဆိုင်ကြီးများ၊ ကိုယ်စားလှယ်များ၊ လက်လီလက်ကားဆိုင်များနှင့် Project ဆိုင်ကြီးများ အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့အပြင် တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ တူရကီ၊ အိုမန်နှင့် မလေးရှားတို့မှ ထုတ်လုပ်သည့် သံထည်ပစ္စည်းအမျိုးမျိုးတို့ကို မှာယူတင်သွင်း ပေး လျှက် ရှိပါသည်။ အရည်အသွေးကောင်းမွန်ခြင်း၊ ယှဉ်ပြိုင်နိုင်သောစျေးနှုန်းနှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံတွင် တိုးတက်လျက်ရှိသော ဆောက်လုပ်ရေးလောကတွင် ယုံကြည်ရ စိတ်ချ ရသော မိတ်ဖက်ကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပါသည်။